Embracing the philosophy of 'You Only Live Once' (YOLO), I navigate life with a passion for seizing every moment and cherishing every experience. 🌟 Adventurer, dreamer, and eternal optimist, I believe in living authentically and fearlessly. From scaling new heights to savoring the simple joys, my journey is a tapestry of stories, laughter, and growth. Join me as I make the most of this one precious life, embracing opportunities, and creating memories that last a lifetime.
Wednesday, March 29, 2023
ဆိတ်ပဲချက်နည်း
ကုလားပဲကို ညကထဲက ဆန်ချိန်ခွက် ၂ ဗူးရေစိမ်ထားပါတယ်။ ပဲကို ရေနွေးထည့်ပြီး ပဲမြှပ်အောင်ရေထည့်တည်ပေးပါတယ်။ အရေးကြီးဆုံးက ဆားမထည့်ပါနဲ့နော်။ ဆားထည့်ရင် မနူးတတ်ပါဘူး။ ပဲနူးရင် ရေစင်အောင်ဆေးလိုက်ပါတယ်။ (ပဲအနှစ်တွေ မကြိုက်လို့ပါနော်)
ဆိတ်သားကို မငြီအောင် ဆားဆနွင်းထည့်ဆေးပြီး ရှလကာရည် ဆန်ချိန်ခွက်တခွက်ထည့်ပြီး နှံ့အောင် နယ်ပေးပြီး ၅မိနစ်လောက် ရှလကာရည်နဲ့ နှပ်ပေးထားပါ။ ပြီးရင် ရေနဲ့စင်အောင်ဆေးပြီး ဂျင်း၊အချိုမှုန့်၊ငံပြာရည်နဲ့ မဆလာရောနယ်နှပ်ထားတာပါ (၁နာရီလောက်နှပ်ထားတာပါ)။
ဆီ ဟင်းချက်ဇွန်း ၂ ဇွန်းထည့်ပြီး ကြက်သွန်ဖြူနီဂျင်း၊ ငရုတ်သီးစိမ်းမှုန့်နဲ့ ဆိတ်သားကို ဆီသတ်ပါတယ်။ ဆီနာနာသတ်ပြီး ဆိတ်သားမြှပ်အောင် ရေ ၂ရည်ထည့်တည်ပေးပါ။
(ကျွန်မက ရေ ၃ရေထည့်တည်ပါတယ် - နူးအိနေတာကြိုက်လို့ပါ) ရေကုန်ခါနီး ဆီပြန်နေရင် ပြုပ်ထားတဲ့ ကုလားပဲကိုထည့်ပြီး ဆူပွက်လာရင် မန်းကျည်းရည်အနည်းငယ်နဲ့ ဆိတ်သားမဆလာ ခတ်ပေးလိုက်ရင် အရသာလဲရှိ မွှေးလဲမွှေးတဲ့ ဆိတ်ပဲချက်ရပါပြီ။
(ပျင်းတော်သိမ်နဲ့ ငရုတ်သီးခြောက်ကို ကြိုက်ရင်ဆီသတ်ပြီး ခတ်လို့ရပါတယ်နော်)
#credit
Subscribe to:
Post Comments (Atom)
-
ကားရဲ့အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင် တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင်တတ်ကြပါတယ်။ တကယ်တော...
-
မိတ်ဆွေတို့အတွက် ဗဟုသုတ အနေနဲ့ ကားနံပါတ်ပြားကြည့်ရုံနဲ့ ဘယ်မြို့နယ်ကလဲ ဆိုတာသိနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကညနက အသစ်ပြောင်းလဲတပ်ဆင်...
No comments:
Post a Comment