အောင်မြင်ခြင်းရဲ့ နောက်ကွယ်

 

💰💰💰ဒေါ်လာဘီလီယံပေါင်းများစွာ 💰💰💰ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူဝါသနာပါလို့ မွေးမြူထားတဲ့ မိချောင်းတွေထားတဲ့ ကန်အလယ်က အဆောက်အဦးပေါ်မှာ သူ့ရဲ့မွေးနေ့ပါတီပွဲ ကျင်းပနေပါတယ်။
လူတွေက သူမွေးထားတဲ့ မိချောင်းတွေကို အဆောက်အဦးပေါ်ကနေ တအံ့တဩ အထိတ်တလန့်နဲ့ ကြည့်နေကြတာပေါ့။

အဲဒီအချိန်မှာ သူဌေးက အစီအစဉ်တခုကို ရုတ်တရက် ကြေညာလိုက်ပါတယ်။

" မိတ်ဆွေများခင်ဗျား
ယခုရောက်ရှိနေတဲ့နေရာကနေ ကန်ထဲကို
ခုန်ပီး ကန်ဘောင်ပေါ်ကို ရောက်အောင်
သွားနိုင်တဲ့သူကို ဆုအဖြစ် ဒေါ်လာနှစ်သန်း💵💵
ပေးမှာဖြစ်ပြီး ကန်ဘောင်ကို ရောက်အောင် မသွားနိုင်ပဲ
မိချောင်းအကိုက်ခံရလို့ အသက် ဆုံးရှူံးသွားမယ်ဆိုရင်တော့..
ကျန်ရစ်တဲ့မိသားစုကို ထောက်ပံ့ကြေးအဖြစ် ဒေါ်လာ တစ်သန်း..ပေးအပ်မှာဖြစ်ပါတယ်
စိတ်ဝင်စားသူများ အစီအစဉ်မှာ ပါဝင် စွန့်စားနိုင်ကြပါတယ်ခင်ဗျား "

သူဌေးရဲ့စကားအဆုံးမှာပဲ..
လူတယောက်ဟာ ရေထဲကို ဝုန်းကနဲ ဆင်းပြီး 💨ကန်ဘောင်ကို ရောက်ဖို့ အသည်းအသန် ကူးခတ်နေပါတယ်

ကံအားလျော်စွာပဲ အဲဒီလူဟာ.. ကန်ဘောင်ပေါ်ကို ရောက်အောင် ကူးခတ်သွားနိုင်ခဲ့ပါတယ်👏

အခမ်းအနား တက်ရောက်လာသူတွေက သူ့ရဲ့ ရဲရင့်စွာစွန့်စားတဲ့ သတ္တိကို..
👏ချီးကျူး ဂုဏ်ပြုဩဘာ👏ပေးနေကြသလို သူဌေးကလဲ သူ့ကတိအတိုင်း..
ဒေါ်လာနှစ်သန်းတန် ချက်လက်မှတ်ရေးပြီး ဂုဏ်ပြုလိုက်ပါတယ်။

အဲဒီလူဟာ ဒေါ်လာနှစ်သန်းတန်ချက်လက်မှတ်😇ကို ကတုန်ကယင် ကိုင်ထားပီး
ပရိတ်သတ်ဖက်ကိုကြည့်ကာ.. အသံတုန်ကြီးနဲ့ မေးလိုက်ပါတယ်။

" ကျွန်တော့်ကို 😠အနောက်ကတွန်းချလိုက်တာဘယ်သူလဲ ❓"

အဲဒီအခါ သူ့လက်ထဲက ချက်လက် မှတ်ကို
လာယူပြီးတော့ ဆလင်းဘတ်အိပ်ထဲထည့်ရင်း အမျိုးသမီးတယောက်က ပြောလိုက်ပါတယ်

" ရှင့်ကိုတွန်းချလိုက်တာ ကျွန်မပါ 😏😘"

အဲဒီ အမျိုးသမီးဟာ..
အဲဒီလူရဲ့ မိန်းမပဲ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကိုမြင်တွေ့လိုက်ရတဲ့
ပရိတ်သတ်တွေကတော့...

အောင်မြင်တဲ့ 💪ယောင်္ကျားတယောက်ရဲ့..
နောက်ကွယ်မှာ တွန်းအားပေးနိုင်တဲ့မိန်းမတစ်ယောက်💖 ရှိနေဖို့ လိုတယ်ဆိုတာကို..
အကြွင်းမဲ့ လက်ခံသွားပါတော့တယ်ဗျာ။


စာကြွင်း။ ။ တကယ်သဘောကျလို့ ပြန်ကူးတင်ရတာပါဗျာ

Post a Comment

0 Comments