ဘဏ်တိုးနဲ့ ထိုင်စားဖို့ ဘာလုပ်ရမလဲ

ဘဏ်တိုးနဲ့ တသက်လုံး ထိုင်စားချင်ရင် ဘာလုပ်မလဲ?
ဒီအပိုင်းမှာတော့ ဆရာကြီးတဦးမျှဝေထားတဲ့ အကြောင်းအရာတွေကို ပြောပြပေးသွားမှာပါ။
ဘာအလုပ်မှ လုပ်စရာမလိုဘဲ ဘဏ်တိုးနဲ့ ထိုင်စားချင်သူတွေအတွက် ဖြစ်ပါတယ်

၁၄၅ နည်းလမ်းကို အသုံးပြုပါ။

မိမိတလစာ လိုအပ်တဲ့ငွေပမာဏကို ၁၄၅နဲ့မြှောက်ပါ။ ရလာတဲ့ မြှောက်လဒ်ပမာဏကို ဘဏ်မှာ အပ်ထားပြီး အေးဆေး ဘဏ်တိုးနဲ့ ထိုင်စားလို့ရပါပြီ

ဥပမာ .. သင်က တလကို ၃သိန်း လိုတယ်ဆိုပါစို့။ ဒါဆိုရင် ၃သိန်းကို ၁၄၅နဲ့ မြှောက်ရပါမယ်။ ၄၃၅သိန်းကို ဘဏ်မှာထည့်ထားပြီး အေးဆေးဘဏ်တိုးနဲ့ စားလို့ရပါပြီ

သင်က တလကို သိန်း၂၀လိုတယ်ဆိုရင် သိန်း၂၀ကို ၁၄၅နဲ့မြှောက်ပါ။ သိန်း ၂၉၀၀ကို ဘဏ်မှာအပ်ပြီး ဘဏ်တိုးနဲ့ အေးဆေးစားလို့ရပါပြီ

ဘဏ်အတိုးနှုန်းလျော့လာတာတွေ၊ ကုန်ပစ္စည်းဈေးနှုန်းမြင့်မားလာတာတွေ၊ ငွေကြေးဖောင်းပွလာတာတွေကြောင့် ဒီနည်းက သိပ်အဆင်မပြေတော့ပါဘူး။

နောက်တနည်းကတော့ ၄၀၀နည်းလမ်းပါ။

မိမိတလစာလိုအပ်တဲ့ ငွေပမာဏကို ၄၀၀ နဲ့မြှောက်ပါ။
တလကို ၃သိန်းလိုတဲ့သူတယောက်ဟာ ဘဏ်တိုးနဲ့ အေးဆေးထိုင်စားဖို့ဆိုရင် ၃သိန်းကို ၄၀၀နဲ့မြှောက်ရပါမယ်။
သူ့အနေနဲ့ သိန်း ၁၂၀၀ကို ဘဏ်မှာ အပ်ထားဖို့လိုပါတယ်။
ဘဏ်တိုးကလည်း အင်မတန် များပြားပါလိမ့်မယ်။

ဘဏ်မှာ စာရင်းသေငွေအပ်ပြီး ရလာတာနဲ့ ဘဏ်တိုးရဲ့ ၁၀ပုံ ၃ပုံကိုဘဲ သုံးပြီး ၇ပုံကို ငွေရင်းထဲ ပြန်ထည့်တဲ့နည်းလို့ ခေါ်ပါတယ်။

၄၀၀နည်းက ပိုကောင်းပါတယ်။ ၁၄၅နည်းက ပိုငွေမရှိသလောက်ဖြစ်နေပါလိမ့်မယ်။ ၄၀၀နည်းကတော့ လက်ရှိအတွက်ကော အနာဂတ်အတွက်ပါ သင့်အတွက် အစဉ်ပြေစေမှာပါ






Post a Comment

0 Comments