မော်တော်ကားတစ်စီးရဲ့ အောက်ပိုင်းကြံ့ခိုင်မှုအတွက် သိထားသင့်သော အချက်များ

ကားရဲ့အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင် တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာတွေက ဖြေရှင်းရခက်ခဲပြီး ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့် သင့်ကားနဲ့ သင့်ရဲ့ အသက်အန္တရာယ်အထိ အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့ သင့်ကား အောက်ပိုင်း ရောဂါတွေပါပဲ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။ ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်းတော့မယ်ဆိုရင် ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။ ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင် သင့်ခရီးလမ်းမှာ စိတ်အနှောင့်အယှက်ဖြစ်မယ်၊ ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ။ ဒါပေမဲ့ ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊ ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက် သင်ကိုယ်တိုင် သတိပြုနိုင်တဲ့ ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို အကျဉ်းချုပ် ဖော်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့် တိုင်းရော့ (Tie rod)၊ (Tie rod end or Rack End) မိန်းလုံး၊ ဘောလ်ဂွိုင့် (Ball Joint)၊ ဒူးဆစ် (Constant Velocity Joint – CV Joint )၊ နှုတ်ခမ်းမွှေးတန်း (Stabilizer Bar)၊ ရှော့ဘား (Shock Absorber)၊ အပေါ်လက်ဝါး (Upper Arm)၊ အောက်လက်ဝါး (Lower Arm)၊ ကွိုင်စပရင် (Coil Spring)၊ ရာဘာဘွတ် (Rubber Bushing)၊ သဲကာ အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ့စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ်။ အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက် အလုပ်လုပ်နေတာကတော့ Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါပဲ။

Post a Comment

0 Comments