ကလေးတွေ သန်လျင်ဘက်ခြေဆန့်

 

‌ယာခင်းသာ သို့အလည်တစ်ခေါက်‌ 

တနင်္ဂနွေဘုရားကျောင်းကို ဦးလေးဆီမှာ တက်ပြီး နယ်မြေသစ်ရောက်ဖူးအောင် ကလေးတွေကို ယာခင်းသာကို လိုက်ပို့ဖြစ်တယ်။ 

ဆိတ်ငြိမ်အေးချမ်းပြီး ကလေးတွေလည်း လွတ်လွတ်လပ်လပ် ပြေးလွှားကစားလို့ ရတယ်။ ရေပေါ်တဲ ပုံစံ လုပ်ပေးထားတော့ ကလေးတွေအတွက် အတွေ့အကြုံသစ် ရတာပေါ့။ 

ကားနှစ်စီး ခွဲစီးပြီး ‌ယုဇနဥယျာဥ်မြို့တော်ကနေ မနီးမ‌‌ဝေး‌လေးဆိုတော့ သွားရအဆင်ပြေခဲ့တယ်။ လမ်းမှာ အတားအဆီးအနည်းငယ်ချထားပေးမယ့် အေးအေးဆေးဆေး ဖြတ်သွားလို့ရတယ်။ တိုးဂိတ်တစ်ခု ဖြတ်ရတယ်။ ယာခင်းသာ ရောက်တော့ အတွင်းပါကင် တဘက်ခြမ်းက ‌မိုးရွာထားတော့ ကားရပ်မရခဲ့ပဲ အပြင်မှာ အဆင်ပြေအောင် ရပ်ထားခဲ့ရတယ်။ ‌ဆိုင်မှာတော့ ‌ရွေးချယ်စားစရာတွေ များပါတယ်။ ခေါင်ရည် မသောက်ဖူးတဲ့သူတွေအတွက် တော့ အဆင်ပြေမှာပါ။ ဝန်ထမ်းလေးတွေက သဘောကောင်း ရိုးသားကြတယ်။ ခေါင်ရည်အနီနဲ့အဖြူရှိတာ ဘာကွာလဲဆိုပြီး မေးလိုက်တော့ အရောင်ပဲကွာတာပါတဲ့ - ဟုတ်တယ်လေနော့်။ ကျနော်တို့ဆို အနီက နဲနဲပြင်းတယ်၊ အဖြူက ပုံမှန် ဘာညာ ဖြေမိမှာလေ။ သောက်ခဲ့ရတဲ့အရသာကတော့ ခေါင်ရည်အပျစ်ကို ရေနဲ့ရောသောက်ရတဲ့ အရသာရခဲ့တယ်။ ငါးရှဥ့်  တောချက်လေးက အဆင်ပြေတယ်။ လက်ရာကောင်း စျေးတန်တယ်။ ကျန်တာလည်း သူ့ဟာနဲ့သူ အဆင်ပြေပါတယ်။ ဆိုင်နဲ့ဝေးဝေးမှာထိုင်ရင်တော့ ဖုန်းဆက်လှမ်းမှာရမယ့်ပုံရှိတယ်ဆိုတော့ လွတ်လွတ်လပ်လပ် ကဲချင် ယမကာလေးမှီဝဲချင်သူတွေ အတွက်တော့ ရှားပါးနေရာလေးပေါ့ 

https://www.facebook.com/yarkhinthar




Post a Comment

0 Comments