အစုံရ အရောင်းဆောဖ့်ဝဲလ် ဝဘ်ဆိုက်လေး လာပါပြီ ...



အစုံရ အရောင်းဆောဖ့်ဝဲလ်ဆိုတာ ဘာလဲ

အစုံရ အရောင်းဆောဖ့်ဝဲလ်ဆိုတာ မိုဘိုင်းဖုန်း မှာ အသုံးပြုနိုင်တဲ့ အရောင်းစာရင်း(Point of Sale) အက်ပလီကေးရှင်း တစ်ခုဖြစ်ပါတယ်။

အစုံရ အရောင်းဆောဖ့်ဝဲလ်နဲ့ ဘာတွေလုပ်လို့ရလဲ

အဓိကအနေနဲ့ အောက်ပါအချက်တွေကို လုပ်ဆောင်လို့ရပါတယ်။

၁. ကုန်အရောင်း စာရင်းမှတ်ခြင်း

၂. ကုန်အဝယ် စာရင်းမှတ်ခြင်း

၃. ကုန် ပစ္စည်း လက်ကျန် စာရင်းမှတ်ခြင်း

၄. အရောင်းစာရင်းချုပ်များ ကြည့်ရှု့နိုင်ခြင်း

လစဥ်ကြေးနဲ့လား

နှုန်းထားသက်သာတဲ့ လစဥ်ကြေးနဲ့ အသုံးပြုလို့ရပါတယ်။

ဘာလို့ လစဥ်ကြေး ပေးဖို့လိုတာလဲ

အချက်အလက်ဒေတာတွေကို Cloud Storage မှာ သိမ်းဆည်းဖို့ရန် အစုံရဘက်မှ တာဝန်ယူဆောင်ရွက်ပေးရခြင်း၊ သက်ဆိုင်ရာအချက်အလက်များကို လုံခြုံမှုအာမ့ခံပေး ဆောင်ရွက်ထားခြင်း၊ တစ်စုံတစ်ရာ ပြစ်ချက်များ ရှိလာပါက အမြန်ဆုံးဝန်ဆောင်မှု ပေးခြင်းတို့အတွက် သက်သာသောနှုန်းထားနှင့်သာ ကောက်ခံထားခြင်းဖြစ်ပါသည်။

စသုံးဖို့အတွက် ဘာတွေလိုအပ်မှာလဲ

၁. Android ဖုန်း (Android version 8 နှင့်အထက်)

၂. အင်တာနက် (အမြဲချိတ်ဆက်ထားရန် မလိုပါ)

၃. ဆက်သွယ်ရမည့်ဖုန်း

၄. ပိုင်ရှင်အမည်

၅. ဆိုင် အမည်

၆. ဆိုင် လိပ်စာ

၇. ဆိုင် မျက်နှာစာပုံ

(ဤသို့ ဖြည့်သွင်းရခြင်းမှာ အစုံရဘက်မှာ သေချာစိစစ်ကူညီထောက်ပံ့နိုင်ဖို့ အခြေခံအချက်အလက်များ သိရှိထားရန် လိုအပ်ခြင်းကြောင့် ဖြစ်ပါသည်။)

အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ ဝဘ်ဆိုက်ကနေတစ်ဆင့် လေ့လာလို့ရပါတယ်။

www.asoneya.com.mm


Post a Comment

0 Comments