အင်ဂျင်မောင်တိန်းအကြောင်း



ကျွန်တော်တို့ အင်ဂျင်မောင်းတိန်းလို့ ခေါ်ဆိုနေကြတဲ့ Engine Mount တွေဟာ မော်တော်ကားစီးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ မော်တော်ကားအင်ဂျင်တစ်လုံးမှာ အင်ဂျင်မောင်းတိန်း အနည်းဆုံး ၃..၄ ခုလောက်ပါဝင်တတ်ပြီး ဒီကောင်လေးတွေဟာ အင်ဂျင်ကို ကားဘော်ဒီမှာ လှုပ်ခါနိုင်အောင် ထိန်းထားပေးတဲ့ အရာလေးတွေပါ။

အင်ဂျင်မောင်းတိန်းနဲ့ပတ်သက်ပြီး ကောင်းတဲ့အရာတစ်ခုကတော့ မောင်းတိန်းတွေကို ပုံမှန်ထိန်းသိမ်းပေးရတာမျိုး လုပ်စရာမလိုပါဘူး။ ပျက်စီးသွားမှသာ အသစ်လဲလှယ်ပေးလိုက်ရတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အင်ဂျင်မောင်းတိန်းတွေကို ရော်ဘာနဲ့ပြုလုပ်ထားပြီး ၅ နှစ်ကနေ ၇ နှစ်အတွင်းမှာ ပျက်စီးသွားလေ့ရှိကြပါတယ်။

အင်ဂျင်နဲ့ဘော်ဒီကို ကြားခံပေးထားတဲ့ မောင်းတိန်း၊ ပွန်းစားလာပြီ၊ ပျက်ပြီဆိုရင် အင်ဂျင် Idle အခြေအနေ (အနှေးလည်တဲ့ အချိန်) မှာ အင်ဂျင်တုန်ခါလာတာတွေ၊ ဂီယာအပြောင်းအလဲမှာ အင်ဂျင်ဆောင့်ရုန်းတာတွေ၊ အင်ဂျင်ခန်းက ဆူညံသံတွေထွက်ရှိလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အင်ဂျင်မောင်းတိန်းတွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်မှီခိုပြီးအလုပ်လုပ်နေတာဖြစ်ကြောင့် မောင်းတိန်းတစ်လုံးပျက်စီးသွားတာကို အသစ်မလဲဘဲ ဆက်သုံးနေရင် ကျန်တဲ့တစ်ခြားအလုံးတွေကိုပါ ဆက်လက်ပျက်စီးစေနိုင်ပြီး မော်တော်ကားကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အထက်မှာဖော်ပြထားခဲ့တဲ့ လက္ခဏာမျိုးတွေ ကြုံတွေ့နေရပြီဆိုရင် သင့်ကားရဲ့ မောင်းတိန်းတွေကို စစ်ဆေးသင့်ပါကြောင်း အသိပေးလိုက်ပါရစေ။

ပြန်လည်ကူးယူးမှတ်သားထားခြင်းသာဖြစ်ပါသည်။ source: ကားသတင်းစုံ

Post a Comment

0 Comments