Valentine's Day Activity at City Holdings 14.2.2023

 Valentine's day မှာ ရုံးတက်ခဲ့ပြီး ရုံးတွင် နေ့လည် ထမင်းစားချိန်အပြီး ရေခဲမုန့် အဝစား အစီအစဥ်အား အားတက်သရော ပါဝင်စားသုံးခဲ့ပါတယ်။ တစ်ချိန်မှာ ကိုယ့်သားသား၊မီးမီး တွေ ဖေဖေဘယ်လို ရေခဲမုန့်စားခဲ့သလဲ သိရအောင် တင်ထားလိုက်ပါတယ်။ 

ဆောမ်ပီး နေကောင်းကျန်းမာတတ်သိလိမ္မာတဲ့သားကောင်းသားမြတ်တစ်ယောက်အဖြစ်ရပ်တည်ပါ။ ကိုယ်ပိုင်စီးပွားရေးတွေ အောင်အောင်မြင်မြင်လုပ်ကိုင်နိုင်ပါစေ။ ဘယ်အရာမှတော့ အောင်မြင်မှုအရင်မလာဘူးနော်။ ကျရှုံးဖူးပြီဆိုမှ အောင်မြင်တာတွေလာမယ်ဆိုတာ သတိချပ်စေလိုပါတယ်သား။ 

ကျင်ကျင် မေမေ့ကို ကူပေးတဲ့ စကားနားထောင်တဲ့ သမီးလိမ္မာလေးတစ်ယောက် ဖြစ်ပါစေ။ ကောင်းကောင်းမွန်မွန် ပညာတွေ တတ်ကျွမ်းပြီး ဂုဏ်ရှိရှိနဲ့ ဘဝကို ဖြတ်သန်းပါ။ ခက်ခဲတဲ့စာတွေဆိုတာ လူကပဲ ပြုလုပ်ထားတယ်ဆိုတာမမေ့နဲ့နော်။ ပြီးတော့ သူများတွေ ပိုက်ဆံကို ပရင့်ထုတ်နေချိန် ငွေစုဖို့ထက် ငွေရင်းနှီးတတ်ဖို့ အားစိုက်လေ့လာပါသမီး။ 





Post a Comment

0 Comments