တစ်နေ့တာ အသုံးစရိတ် တွက်နည်း

မိမိဝင်ငွေပေါ် အခြေခံပြီး တနေ့တာ အသုံးစရိတ်ကို ဘယ်လို တွက်ကြမလဲ?
တွက်ချက်ဖို့က အခြေခံ (၃)ချက် လိုပါတယ်။

ပထမတချက်က လစဉ်ဝင်ငွေ
ဒုတိယတချက်က လစဉ်စုချင်တဲ့ငွေရာခိုင်နှုန်း
တတိယအချက်က မဖြစ်မနေသုံးရမယ့် လစဉ် အသုံးစရိတ် ( ဥပမာ- ဆိုင်ငှားခ၊ အိမ်ငှားခ၊ အဆောင်ငှားခ အစသဖြင့်ပေါ့)

တတိယအချက်ထဲမှာ မီးဖိုချောင်စရိတ်၊ ထမင်း ဟင်းစရိတ် ဖုန်းဘေ တခြားဝယ်တဲ့ အသုံးစရိတ် မပါဝင်ပါ

ခင်ဗျားရဲ့ လစဉ် ဝင်ငွေက ၃ သိန်းရှိတယ် ဆိုပါစို့။

လစဉ် ဝင်ငွေ - ၃၀၀၀၀၀
လစဉ် စုချင်တဲ့ ငွေရာခိုင်နှုန်း - ၂၀% ( ၂၀%ဟာ ပုံသေထားတွက်ရမယ့် အချက် ဖြစ်ပါတယ်)
မဖြစ်မနေ သုံးရမည့် လစဉ် အသုံးစရိတ် - ၅သောင်းဆိုပါစို့။

ဝင်ငွေ = ၃၀၀၀၀၀
စုငွေ = ၂၀% ( ၃၀၀၀၀၀ * ၂၀ )
______

၁၀၀

= ၆၀၀၀၀
အသုံးစရိတ် = ၅၀၀၀၀

လစဉ် စုငွေ+ အသုံးစရိတ် = ၆၀၀၀၀ + ၅၀၀၀၀ = ၁၁၀၀၀၀

လစဉ် လက်ကျန် သုံးငွေ = ဝင်ငွေ - လစဉ် စုငွေ+ အသုံးစရိတ် = ၃၀၀၀၀၀ - ၁၁၀၀၀၀ = ၁၉၀၀၀၀

လစဉ်သုံး လက်ကျန်ငွေ = ၁၉၀၀၀၀ ကျပ်

တပတ်တာ သုံးရမည့် ငွေ = လစဉ်သုံး လက်ကျန်င်္ငေကို ၄ ဖြင့် စားပါ။ ( တလမှာ ၄ပတ် ရှိသောကြောင့် ဖြစ်ပါတယ်)

= ၁၉၀၀၀၀ ÷ ၄
= ၄၇၅၀၀ ကျပ်

တပတ်တာ သုံးရမည့်ငွေ = ၄၇၅၀၀ ကျပ်

တရက်တာ သုံးရမည့်ငွေ = တပတ်တာ သုံးရမည်ါငွေကို ၇ ဖြင့်စားပါ။ ( တပတ်မှာ ၇ရက်ရှိသော ကြောင့် ဖြစ်ပါတယ်)

= ၄၇၅၀၀ ÷ ၇
= ၆၇၀၀ ကျပ်

တရက်တာ အသုံးစရိတ် = ၆၇၀၀ ကျပ်

ဒီ ၆၇၀၀ ဟာ တနေ့တာ ထမင်းဖိုး ဟင်းဖိုး ဖုန်းဘေဖိုး မီးဖိုချောင်အသုံးစရိတ် အကုန်ပါဝင်ပါတယ်။ ၆၇၀၀ လုံး အကုန် သုံးမပစ်ဖို့ အကြံပေးပါရစေ။
လျော့သုံးပါ။ တနေရာမှာ အသုံးစရိတ် ချွေတာလိုက်ရင် တနေရာအတွက် ဖြည့်ပြီးသားဖြစ်သွားပါတယ်

ဒီ တွက်ချက်နည်းလေးကို သေချာမှတ်ထားပြီး မိမိရဲ့ ဝင်ငွေ စုငွေ ထွက်ငွေ တွက်ချက်ပြီး လက်တွေ့ လိုက်နာ ကျင့်သုံးပါ

Post a Comment

0 Comments