ငွေစုနည်း (သို့) ငွေချွေတာနည်း



50/30/20 စည်းမျဉ်းကိုလည်း အသုံးချနိုင်ပါတယ်
1. လိုအပ်ချက်အတွက် မိမိဝင်ငွေရဲ့ ၅၀% သုံးမယ်
2. လိုချင်တာအတွက် မိမိဝင်ငွေရဲ့ ၃၀% သုံးမယ်
3. စုဆောင်းငွေအတွက် မိမိဝင်ငွေရဲ့ ၂၀% သုံးမယ်

လိုအပ်ချက်အတွက် ဝင်ငွေရဲ့ ၅၀%

လစဉ်လတိုင်းမဖြစ်မနေ သုံးရမယ့် အရာတွေ ထည့်သွင်းထားရပါမယ်

ဥပမာ အိမ်ငှားခ၊ အဆောင်ငှားခ၊ ကားအရစ်ကျ သွင်းငွေ၊ အိမ်သုံးပစ္စည်း၊ မီးဖိုချောင်ပစ္စည်း၊ အတိုးပေးစရာရှိရင် အတိုးပေးရငွေ စသဖြင့်ပေါ့

လိုချင်တာအတွက် ဝင်ငွေရဲ့ ၃၀%

ဒီထက်လျော့သုံးဖို့ အကြုံပြုပါရစေ။ ဘာလို့လဲဆိုတော့ လိုချင်တာအများစုက မိမိအတွက် မရှိမဖြစ်လိုအပ်တာတွေ မဟုတ်လို့ပါ။

ဒီထဲမှာ အဝတ်အစားအသစ်ဝယ်တာတွေ၊ ခနခန အပြင်ထွက်စားတာတွေ၊ ရုပ်ရှင်ကြည့်တာတွေ၊ Gym လစဉ်ကြေးတွေ စသဖြင့်ပေါ့။

ဒီအပိုင်းမှာ ငွေချွေတာနိုင်ရင် စုဆောင်းငွေအတွက် ငွေပို ထွက်လာမှာပါ

စုငွေအတွက် ဝင်ငွေရဲ့ ၂၀%

ငွေစုတယ်ဆိုတာ ခင်ဗျား အနာဂတ်အတွက် ငွေစုတာပါ။ ဒါ့အပြင် အရေးပေါ် သာရေးနာရေး ကိစ္စတွေအတွက်လည်း အထောက်အကူပြုပါသေးတယ်။

ဒါ့ကြောင့် ငွေစုပါ။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ငွေစုပါ

ငွေစုတယ်ဆိုတာ တကယ်မလွယ်တဲ့အလုပ်ပါ။ ဒါ့ကြောင့် ယခုပြောပြပေးတဲ့ 50/30/20 စည်းမျဉ်းကို လက်တွေ့အသုံးချမယ်ဆိုရင် ပိုပြီး ငွေစုရတာ လွယ်ကူလာပါလိမ့်မယ်။ ဒီလိုပြောလို့ ကပ်စေးနဲရမယ်မဟုတ်ပါဘူး။ ပျော်သင့်တာ ပျော်ရမယ်၊ ဒါပေမယ့် စိတ်အလိုတော့ မလိုက်သင့်တာ အမှန်ပါဘဲ။

Post a Comment

0 Comments