ပညာရပ်ပိုင်း 𝒂𝒔𝒔𝒊𝒈𝒏𝒎𝒆𝒏𝒕 အတွက် 𝑪𝒉𝒂𝒕 𝑮𝑷𝑻 နဲ့ 𝑮𝒐𝒐𝒈𝒍𝒆 𝒃𝒂𝒓𝒅 ကိုမသုံးပါနဲ့

 ပညာရပ်ပိုင်း 𝒂𝒔𝒔𝒊𝒈𝒏𝒎𝒆𝒏𝒕 အတွက် 𝑪𝒉𝒂𝒕 𝑮𝑷𝑻 နဲ့ 𝑮𝒐𝒐𝒈𝒍𝒆 𝒃𝒂𝒓𝒅 ကိုမသုံးပါနဲ့



(ဗဟုသုတရစေရန်အတွက် ကူးယူဖော်ထားခြင်း ဖြစ်ပါတယ်)

အဲ့အစား အောက်က 𝑨𝑰 𝒘𝒆𝒃𝒔𝒊𝒕𝒆 ၃ ခုကို သုံးပါ။

📍 𝑪𝒐𝒏𝒔𝒆𝒏𝒖𝒔
https://consensus.app/search/
သူက မေးခွန်းဖြစ်ဖြစ်၊ hypothesis ဖြစ်ဖြစ် ရိုက်ထည့်လိုက်ရင် ပေပါတွေစာအုပ်တွေ တန်းစီကလာမှာပဲ ဖြစ်ပြီး ပေပါတိုင်းအတွက် အကျဉ်းချုံးရေးပေးထားပါတယ်။ ပိုက်ဆံပေးဝယ်မယ်ဆိုရင် ပေပါဘ်လောက်က ဘယ်လောက်ထောက်ခံတယ် ထောက်မခံဘူးဆိုတဲ့ data တွေပါ ထုတ်ပေးပါတယ်။ အားသာချက်က open source paper တွေအပြင် paid paper တွေကိုပါ ထည့်ပြပေးတာမလို့ ပိုခြုံငုံမိပါတယ်။

📍𝑷𝒆𝒓𝒑𝒍𝒆𝒙𝒊𝒕𝒚
https://www.perplexity.ai/
သူလည်းမိုက်တယ်။ သူကကြ paid, open sourceတွေ အပြင် website တွေထိပါ အကျဉ်းချုပ်ရှာပေးတယ်။ wiki, တို့တခြားအပျော်တမ်း blog တွေပါ ပါလာနိုင်တာမလို့ ၂ ခါပြန်စစ်စေချင်ပါတယ်။

📍 𝑻𝒚𝒑𝒆𝒔𝒆𝒕
https://typeset.io/
သူလည်းမိုက်တယ်။ အပေါ်ကလိုပဲ။ သုံးရတာ အရမ်းလွယ်တယ်။ တစ်ခုပဲ သူက open source တွေကိုပဲ ထုတ်ပေးတယ်။ ဒီတော့ အားသာတာက သူပြသမျှကို ဒေါင်းဖတ်လို့ရပြီး၊ သူမပြတဲ့ paid paper တွေက တခြားကောက်ချက်တွေ data တွေ ရှိနိုင်သေးတာကိုလည်း သတိထားရပါမယ်။

𝑪𝒉𝒂𝒕 𝑮𝑷𝑻 𝟑.𝟓 & 𝑮𝒐𝒐𝒈𝒍𝒆 𝑩𝒂𝒓𝒅 (𝑽𝑷𝑵) မသုံးပါနဲ့။ ပေပါအတုတွေ သမိုင်းမှာတခါမှမရှိတဲ့ ပေပါခေါင်းစဉ်တွေကအစ ပြပါလိမ့်မယ်။ သူပြတဲ့ စာတမ်းဂျာနယ်တွေက အပြင်လောကမှာတကယ်မရှိတဲ့အတွက် သူပြတဲ့အချက်အလက်တွေဟာ မိမိဦးနှောက်ကို ခဏတာ ပျော်ရွှင်စေတဲ့ ကိုယ်မြင်ချင်တဲ့ အဖြေတွေ ပြချင်ပြနိုင်ပါတယ်။ အဲ့ကြ ငါးပါးမှောက်မှာပါ။

Credit - Ko Waiyan Htut

Post a Comment

0 Comments